Widget by : MTW

ငြိမ်းချမ်းရေး

Posted on 27 February 2017 by Admin30

ငြိမ်းချမ်းရေးစစ်တမ်း (၂၄)-ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ထောင်စုနေ့မိန့်ခွန်းအပေါ် သုံးသပ်ချက်

၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုနေ့တွင် ဒေါ်အောင်ဆန်းစု ကြည်ပြောကြားခဲ့သည့် မိန့်ခွန်းသည် လူ့အဖွဲ့အစည်း၏ စိတ်ပိုင်းဆိုင်ရာများနှင့်သာပြည့်လျှမ်းလျှက်ရှိသည်။ သုံးသပ် ဆင်ခြင်နိုင်သည့်စိတ်ဓာတ်၊ တာဝန်သိစိတ်ဓာတ်၊ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ စည်းလုံးမှု၊ မေတ္တာ၊ ငြိမ်းချမ်းရေး အစရှိသည်တို့ကို ထုတ်ဖော်ပြောကြား သွားခဲ့သော ကြောင့်ဖြစ်သည်။ ထို့ပြင် သူမက အောက်ပါအတိုင်း ဆက်လက်ရည်ညွန်းရှင်းပြသွားခဲ့သည်။

“ပြည်ထောင်စုသားအားလုံးရဲ့ နှလုံးသားထဲမှာ ပင်လုံဆိုတဲ့ အင်မတန်မှရိုးရှင်းတိုတောင်းလှတဲ့ အမည်ကလေးဟာ စိတ်နှလုံးချမ်းသာဖွယ်ရာဖြစ်ပါတယ်။ သတ္တိရှိရှိနဲ့ ပြည်သူ့အတွက်ကြိုးစားပါ၊ စွန့်စားခြင်း၊ စွန့်လွှတ်ခြင်းဆိုတာ အမြင့်မားဆုံးသတ္တိဖြစ်ပါတယ်။”...

အပြည့်အစုံသို့

Posted on 3 January 2017 by Admin29

ငြိမ်းချမ်းရေးစစ်တမ်း (၂၃) -ကရင်အမျိုးသားတွေ ကိုယ့်ကြမ္မာ ဖန်တီးခွင့်ရနေသလား။နိုင်ငံရေးအရ အသုံးချခံနေရသလား။

ငြိမ်းချမ်းရေးစကားဝိုင်း ဆိုတာ ဘယ်လိုဖြစ်သင့်သလဲ။ ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) တွေ ပေါ်လာမယ့် အလားအလာကို တွေ့ ရတာကောင်းပါတယ်။ အား ပေးရမှာပါ။ ဒါပေမယ့် စိုးရိမ်စရာတချို့ ကိုတော့ သတိပြုဘို့ လိုပါလိမ့်မယ်။ ပထမတခုကတော့ "ငြိမ်းချမ်းရေး" ဆိုတဲ့ ခေါင်းစဉ်တပ်ထားပေမယ့် ကိုယ်လိုခြင်တဲ့"ငြိမ်းချမ်းရေး" ရဲ့  အဓိပ္ပါယ် ကို တိတိကျကျသိအောင် မရှာဖွေတဲ့ ပြဿနာ ဖြစ်တယ်။ ဒီတော့ ပင်လယ်ပြင်ကျယ်မှာ ပဲ့မပါတဲ့ လှေကြီးကို ၀ိုင်းလှော် နေကြသလိုဖြစ်နေမယ်။ အချိန်တွေ ကုန်၊ အင်အားတွေဆုံးရှုံး၊ လူတွေ ပင်ပန်း နဲ့ ဘယ်ကမ်းကိုမှ မလှမ်းနိုင်တဲ့ ဘ၀နဲ့  နိဂုံးချုပ်ကြဘွယ်ရှိတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းတွေ မှာ "ငြိမ်းချမ်းရေး" ရဲ့ အဓိပ္ပါယ်ကို အရင်ရှာဖွေဘို့ လိုပါလိမ့်မယ်။ ...

အပြည့်အစုံသို့

Posted on 28 December 201628

ငြိမ်းချမ်းရေးစစ်တမ်း(၂၂)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲေးစာချုပ်နှင့်ယင်း၏နောက်ဆက်တွဲလုပ်ငန်းစဉ်များအား သုံးသပ်ခြင်း

ဦးအောင်ထူး၊ (လူ့အခွင့်အရေးရှေ့နေ)၊ ၂၀၁၆ ခုနှစ် ဒီဇင်္ဘာလ ၂၇ ရက်

ပုံပြင်တခုရှိပါသည်။ တရက်တွင် ထွားကြိုင်းသန်မာသော လူကြီးတဦးက လမ်းပေါ်တွင်အေးချမ်းစွာ လမ်းလျှောက်သွားနေသော လူငယ်လေးတဦးအား ရန်စကာ အနိုင်ကျင့်ထိုးကြိတ်သည်။ တတ်နိုင်သမျှ ပြန်လည်ခုခံသော်လည်း အင်အားချင်မမျှလွန်းသဖြင့် လူငယ်လေးသည် ဒဏ်ရာရကာ လဲကျသွားသည်။ အကူအညီပေးရန် အော်ဟစ်၍ တောင်းခံသော်လည်း မည်သူမျှ လာရောက်ကူညီခြင်းမရှိ။ လမ်းသွားလမ်းလာ အများစုကြီးက မသိခြင်ယောက်ဆောင်သွားကြသည်။ နောက်ဆုံးတွင် မခံနိုင်တော့သော လူငယ်ကလေးက အနီးအနားတွင် တွေ့ရသော…..

အပြည့်အစုံသို့

Posted on 8 November 2016 by Admin27

ငြိမ်းချမ်းရေးစစ်တမ်း (၂၁) - “၀”အမျိုးသားအရေးနှင့် ဆက်စပ်သော ငြိမ်းချမ်းရေးပြသနာများအား လူ့အခွင့်အရေး နှင့် ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ သုံးသပ်ခြင်း။

ဝသပ နှင့် မြန်မာစစ်တပ်တို့၏အကြား စစ်ရေးအရ တင်းမာလာခဲ့မှုမှာ ပြည်တွင်းလူထုနှင့် အိမ်နီးခြင်းနိုင်ငံများအကြားစိုးရိမ်ဘွယ်ရှိလာခဲ့သည်။ သို့ရာတွင် ယခင်ကလည်း အလားတူတင်းမာမှုမျိုးဖြစ်ခဲ့ပြီး နှစ်ဘက်ညှိနိုင်းကာ ပြေလည်မှုရသွားခဲ့သည့် သာဓကများရှိခဲ့သည်။ ယာယီနည်းဖြင့် ဖြေရှင်းခဲ့ကြခြင်းပင်။ ယခုလည်း ညှိနိုင်းပြီးတဘက်ဘက်က ဆုတ်ခွာခြင်း၊ နှစ်ဘက်လုံးက ဆုတ်ခွာသွားခြင်းဖြင့် ပြီးသွား နိုင်သည်။ ...

အပြည့်အစုံသို့<

Posted on 4 February 2016 by Admin26

အန်အယ်လ်ဒီက ပြတ်သားပြီး ဦးဆောင်နိုင်စွမ်းရှိမှ ပြောင်းလဲနိုင်မယ် – ရှေ့နေဦးအောင်ထူး (DVB နှင့်ဆက်သွယ်မေးမြန်းခြင်း)ဖေဖော်ဝါရီ ၂ရက် ၂၀၁၆

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ခေါ်ယူ ကျင်းပခဲ့ သလို အမျိုးသားလွှတ်တော်ကိုလည်း ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ခေါ်ယူကျင်းပမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစတဲ့မဏ္ဍိုင်သုံးရပ်ကို ဘယ်လောက်ထိ ဆောင်ရွက်နိုင်စွမ်းရှိမှာပါလဲ။ ...

အပြည့်အစုံသို့<

Posted on 12 Jan 2016 by Admin25

ငြိမ်းချမ်းရေး စစ်တမ် (၁၉) မငြိမ်းချမ်းနိုင်တဲ့ ငြိမ်းချမ်းရေးညီလာခံ

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ တွင် ငြိမ်းချမ်းရေး ညီလာခံကို စတင်ကျင်းပတော့မည်ဟု ကြားသိ ရသောအခါ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့ က စတင်ခဲ့သည့် အမျိုးသားညီလာခံ၌ "ဇဗ္ဗူဒီပါ လက်ယာတောင် ကျွန်း သြဘာနိမိတ်ထွန်း" "တိမ်ခြေငယ် ရှင်းပါလို့ ၊ မြူနှင်းငယ် စိုစို" စသဖြင့် ရွတ်ဆိုကာ ယခုလိုပြာသိုလမှာ ရှေးက ထဲကညီလာခံများ ကျင်းပခဲ့ကြကြောင်းဖြင့် ရွှမ်းရွှမ်းဝေအောင် အဖွင့် မိန့် ခွန်း ခြွေသွားခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဌ (မျောက်ခေါင်းမျိုးညွန့် ဟု လူသိများသည့်) ဗိုလ်ချုပ်မျိုးညွန့် ကို သတိရမိသည်။ ၄င်းက အမျိုးသားညီလာခံကြီးဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ထူးခြားအရေးပါပြီး နိုင်ငံတော်အကျိုး၊ တိုင်း ရင်းသားပြည်သူများရဲ့ အကျိုးကို အမြင့်မားဆုံးဖေါ်ဆောင်အလုပ်အကြွေးပြုနိုင်စွမ်းရှိစေရမည့်အကြောင်း မစားရ ၀ခမန်း အာဘောင်အာရင်းသန်သန် ဟစ်ကြွေးသွားခဲ့သည်။ ရာစုနှစ်၏ လေးပုံတပုံနီးပါးမျှကြာပြီးသည့် ယခုအချိန် ...

Read more

Posted on 6 Oct 2015 by Admin24

ငြိမ်းချမ်းရေး စစ်တမ်း (၁-၃) “အစိုးရအဆိုပြု တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် အပေါ် သုံးသပ်ချက်”

၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကွန်ဖရင့်အပြီး နိုဝင်္ဘာလ (၄) ရက်နေ့ မြစ်ကြီးနား၌ အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံကြရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ၊ လုံ) က ရေးဆွဲထားသည့် စာချုပ်ကို အစိုးရ ဘက် က တင်သွင်းခဲ့ကြောင်း သိရသည်။ အစိုးရ အဆိုပြုစာချုပ်သည် မည်မျှအရေးကြီးသဖြင့် ယင်းကို အခြေပြုလျက် စာတမ်းငယ် တစောင်မျှ ဖြစ်အောင် သုံးသပ်ရသည်ကို ရှေးဦးစွာရှင်းရန် လိုပါမည်။ ၆၅ နှစ်ကြာခဲ့ပြီးသည့် ပြည်တွင်းစစ်သမိုင်းတွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လွှမ်းခြုံပါဝင် လက်မှတ်ရေးထိုးခွင့်ရအောင် အာဏာရအစိုးရက အဆိုပြုတင် သွင်းသော စာချုပ်ဟူ၍ ဤသည်မှာ ပထမဆုံးဖြစ်သည်။ ထို့အပြင် ၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရဟောင်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ချုပ်ဆိုခဲ့ကြသည့် သဘောတူညီချက်များအနက် ဥပဒေသဘောဆန်စွာ ပုံစံတကျ ရေးသား အဆိုပြုထားရာတွင်လည်း ဤစာချုပ်မှာ ပထမဆုံး ဖြစ်သည်။...

Read more

Posted on 22 sep 2015 by Admin23

NCA သုံးသပ်ချက် (Audio:BBC)

Posted on 22 sep 2015 by Admin22

NCA လက်မှတ်မရေးထိုးသင့်ကြောင်းရှေ့နေ ဦးအောင်ထူးရဲ့ ဥပဒေပညာရှု ထောင့်ကနေ သုံးသပ်ချက် (BBC ဆက်သွယ်မေးမြန်းမှု)

Posted on 19 sep 2015 by Admin21

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (အန်စီအေ)အပေါ် ဥပဒေအထောက်အကူပြုကွန်ယက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး နှင့်BBC ဆက်သွယ်မေးမြန်းခြင်း

Posted on 18 sep 2015 by Admin20

အန်စီအေစာချုပ်မှာ ချိုးဖောက်သူကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ အာမခံချက်မပါဘူး - ဦးအောင်ထူး (DVB နှင့်ဆက်သွယ်မေးမြန်းခြင်း)

နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ်ကာလတလျှောက်မှာ အမြင့်မားဆုံး ဖြစ်ထွန်းမှုအဖြစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲေးစာချုပ် (အန်စီအေ) ကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးတွဲရေးဆွဲနိုင်ခဲ့ပါတယ်။ ဒီစာချုပ်ကို မကြာခင်ကာလမှာ (ရက်အတိအကျ မသတ်မှတ်နိုင်သေး) လက်မှတ်ရေးထိုးကြဖွယ်ရှိပါတယ်။...

အပြည့်အစုံသို့<

Posted on 15 sept 201519

ငြိမ်းချမ်းရေးဆွေးနွေးခန်း အပိုင်း (၁)

ဥပဒေအထောက်အကူပြုကွန်ယက် (Legal Aid Network) တည်ထောင်သူ၊ Federal Law Academy ၏ကျောင်းအုပ်ဆရာကြီး ဦးအောင်ထူး၏ ငြိမ်းချမ်းရေးဆွေးနွေးခန်း အပိုင်း (၁)

Watch here

Posted on 13 sept 201518

ငြိမ်းချမ်းရေး စစ်တမ်း (၁၈) ရေမလွှမ်းပေမယ့် မြေလွှမ်းနေတဲ့ ငြိမ်းချမ်းရေး နှင့် "ရွှေမန်း" ဗဟိုပြု နိုင်ငံရေး၏ ကျဆုံးခန်း ခင်း

ကေအဲန်ယူ ဦးဆောင်လျှက် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းသုံးဖွဲ့ နှင့် ရှမ်းတဖွဲ တို့ က တနိုင်ငံလုံးအပစ် ရပ် စာချုပ် အတည်ပြုမူကြမ်းအား လက်မှတ်ထိုးတော့မည်ဟု သတင်းထွက်ပေါ်လာသောအခါ ကျန်အဖွဲ့ အစည်းများ အကြားတွင်လည်းကောင်း၊ လူထုအတွင်းတွင်လည်းကောင်း တစုံတရာရိုက်ခတ်မှုရှိသွားကြောင်းသတိပြုမိသည်။ ရှမ်းအဖွဲ့ နှင့်စပ်လျှဉ်း၍မည်သို့ မျှမပြောလိုသော်လည်း ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးခဲ့သည့်ကာလ နောက်ပိုင်းမှ စ၍ ယနေ့ တိုင် အနေအထားအမျိုးမျိုးအခြေခံတွင် စာရေးသူနှင့်အတော်ပင် နီးကပ်စွာဆက်ဆန်ခဲ့သော ကေအဲန်ယူ အပေါ်ကိုမူ အတိုင်းအတာအရ ပွင့်လင်းစွာဝေဘန်လိုပါသည်။ ကရင်အမျိုးသားလူထုကြီး တရပ်လုံးအနေနှင့်လည်း စဉ်းစားခွင့်ရစေရန် ရည်စူးသည်။ ..

Read more

Posted on 13 sept 201517

ငြိမ်းချမ်းရေး စစ်တမ်း (၁၇) တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်အတည်ပြုမူကြမ်း ၏ ဥပဒေပြသနာမျာါးက်ကျုးလွန်ခြင်း

၂၀၁၅ မတ်လ (၃၁) ရက်က သဘောတူညီခဲ့သည့် အတည်ပြုမူကြမ်း(ဤလင့်ခ်တွင်ရှု) ကို အဓိကထားကာ လက်မှတ်လာရောက် ထိုးကြရန် ဦးသိန်းစိန်ကဖိတ်ခေါ်ပြီးနောက်တွင် ဤစာချုပ်ကို ယခုအဆင့်တွင် လက်မှတ်ထိုး သင့် မသင့်၊ တိုင်းရင်းသားအဖွဲ့ အစည်းများအကြား၌ ရပ်တည်ချက်အမျိုးမျိုးပေါ်လာနိုင်ပါသည်။ ယင်းနှင့် စပ်လျှဉ်း၍ သက်ဆိုင်ရာ တိုင်းရင်းသားလူထုများ၏ သဘောထားထုတ်ဖေါ်ခွင့်ရစေရေးအတွက်၊ တရားဝင်စာချုပ်ဖြစ်နိုင်ရေး လိုအပ်ချက်များအားနိုင်ငံတကာ နှင့် ပြည်တွင်းဥပဒေရှုဒေါင့်များမှ တင်ပြပါမည်။ တွေ့ရသည်။ ...

Read more

Posted on 13 sept 201516

ငြိမ်းချမ်းရေး စစ်တမ်း (၁၆) လော်ခီးလာ နိုင်ငံရေး ထိုးစစ်နှင့် ငြိမ်းချမ်းရေး အလားအလာ

၂၀၁၅ ခုနှစ် ဇွန်လ (၂) ရက်မှ (၉) ရက်အတွင်း ကေအင်ယူထိမ်းချုပ်ထားရာ ကရင်ပြည်နယ်အတွင်း ကျင်းပ ခဲ့သည့် လော်ခီးလာညီလာခံမှ ဆုံးဖြတ်ချက်များ ထွက်လာပြီးနောက်တွင် ဦးသိန်းစိန်၊ ဦးအောင်မင်း စစ်အစိုးရသည် အကြပ်ရိုက်လျှက်ရှိသည်။ လူသေကို အသက်မရှင်စေနိုင်တော့သည့် မန္တာန်ဟောင်းကြီး ဖြစ်သည့် တို့ တာဝန်အရေး သုံးပါးကို မဆီမဆိုင် တတွတ်တွတ်ရွတ်ရင်း ကာချုပ်မင်းအောင်လှိုင်က ၄င်းတို့ အလိုကျ ပြင်ဆင်ထားသည့် အပစ်ရပ် စာချုပ်ကို လွယ်လင့်တကူ လက်မှတ်မထိုးကောင်းလား ဟူ၍ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်း ခေါင်းဆောင်များအား အပြစ်တင်လျှက်ရှိသည်။ မှန်းချက်နှင့် နှမ်းထွက်မကိုက်ရုံသာမက လက်သီးပုန်း နှင့် အထိုးခံ လိုက်ရသလိုဖြစ်ကာ ရှေ့ တိုးရအခက် နောက်ဆုတ်ရအခက် နှင့် မရှုနိုင် မကယ်နိုင်ဘ၀ သို့ ကျရောက်လျှက်ရှိသည်။

Read more

Posted on 13 sept 201515

ငြိမ်းချမ်းရေး စစ်တမ်း (၁၅)စာချုပ်အတည်ပြုမူကြမ်းအပေါ် သုံးသပ်ချက် (၁)

ငြိမ်းချမ်းရေးသည် စစ်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများသာမက တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံးနှင့် ဆိုင်သော ပြသနာဖြစ်သည်။ စစ်ကြောင့် အခြေခံလယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသားပြည်သူများ၏ သားသမီးများသေကြေနေကြရသည်။ လူထု၏ကျမ္မာရေး၊ ပညာရေး၊ သယ်ယူပို့ ဆောင်ရေး၊ လမ်းပမ်း နှင့် အီလက်ထရောနစ်ဆက်သွယ်ရေး၊ နေအိမ်ရာ စီမံကိန်း၊ အလုပ်အကိုင်အခွင့် အလမ်း စသည်များအတွက် အသုံးပြု ရမည့် ငွေကြေးများ အလဟသ ဖြစ်လျှက်ရှိသည်။

Read more

Posted on 13 sept 201514

ငြိမ်းချမ်းရေး စစ်တမ်း (၁၄) ကျောင်းသားဆန္ဒပြမှုအကြမ်းဘက်ဖြိုခွဲခံလိုက်ရခြင်းအပေါ်ဘယ်လို အရေးယူဆောင်ရွက်သင့်သလဲ။

မတ်လ (၁၀) ရက်နေ့ တွင် လက်ပံတန်း၌ ကျောင်းသားဆန္ဒပြပွဲ အကြမ်းဘက် ဖြိုခွဲခံလိုက်ရခြင်းအား ဥပဒေ ၊ဥပဒေစိုးမိုးရေး နှင့် ဥပဒေစိုးမိုးရေး၏အခြေခံဖြစ်သော တိုင်းပြည်အဆောက်အအုံရှုဒေါင့်များအပြင် ပြည်တွင်းငြိမ်းချမ်း ရေး ပြသနာများနှင့်ပါ ဆက်စပ်သုံးသပ်ရန် လိုအပ်လာပါသည်။

Read more

Posted on 13 sept 201513

ငြိမ်းချမ်းရေးစစ်တမ်း (၁၃)။ အချုပ်အခြာအာဏာကို ကိုးကားပြီး တိုင်းပြည် မီးလောင်တိုက်သွင်းဘို့  ကြိုးစားနေခြင်းလား။

ကိုးကန့် ပြသနာနှင့် စပ်လျှဉ်း၍ အရပ်ဝတ် ဦးသိန်းစိန်ခေါင်းဆောင်သော စစ်အစိုးရသည် “မျောက် မီးခဲကိုင်” သည့် အခြေအနေသို့ ဆိုက်လျှက်ရှိသည်။ မကိုင်လို့ လဲ မရတော့။ မီးကို ငြိမ်းသတ်နိုင်ရန် ကိုင်မှ ဖြစ်မည်။ ကိုင်မိသည့် မီးမှာလည်းရိုးရိုးမဟုတ်။ အရှိန်ပြင်းသောမီးကျီးခဲဖြစ်သည်။ လက်တဘက်မှာ ပူလွန်းလာသောအခါ အခြားတဘက်သို့  ပြောင်းရသည်။ မီးဒဏ်ခံစားရသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်လျှက်ရှိသော မျောက်ဘ၀ကို တွေးမိသည်။

Read more

Posted on 13 sept 201512

ငြိမ်းချမ်းရေး စစ်တမ်း (၁၂)။ ကိုးကန့် မြွေခြောက်ကိုက်ခံလိုက်ရခြင်း၊ မုံးကိုး စစ်ရာဇ၀တ်မှု နှင့် ဥပဒေစိုးမိုးရေး။

မြန်မာဆိုရိုးစကား နှင့် ကိုးကားသုံးသပ်မည်ဆိုပါက ကာချုပ်မင်းအောင်လှိုင် နှင့် စစ်အစိုးရ တဖွဲ့ လုံး မြွေခြောက်ကိုက်ခံလိုက်ရပြီ ဟု ဆိုနိုင်သည်။ မြွေသည် သေနေရုံသာမက ခြောက်ပင် ခြောက်သွေ့ေ နပြီဖြစ်သဖြင့် မည်သည့်အဆိပ်မျှ မရှိနိုင်တော့။ အန္တရာယ်ပြုနိင်ရန် ဝေလာဝေးဟု အ၇ာတခုအား အထင်သေးစွာ ပစ်ပယ်ထား ခဲ့ရာမှ ယင်းက ပြန်လည်ပြီး အကြီးအကျယ်ပြသနာရှာလာသော အခါ မြွေခြောက်ကိုက်ခံရသည် ဟု တင်စား ပြောဆိုကြလေ့ရှိခြင်းပင်။ ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့် မြွေခြောက်ကြ ပန်ကိုက်လိုက်သောအခါကာချုပ် မင်းအောင်လှိုင်နှင့် စစ်အစိုးရ တဖွဲ့ လုံးတုန်လှုပ်ခြောက်ခြားသွားကြရသည်။ အဘယ်ကြောင့်နည်း။ ...

Read more

Posted on 13 sept 201511

ငြိမ်းချမ်းရေး စစ်တမ်း (၁၁) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှင့် အမာစား ဥပဒေ ပေါ်နိုင်သည့် အလားအလာ။

ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဦးတည်သည့် ဆွေးနွေးပွဲများအား နှစ်တချို့ ကြာမျှ ကျင်းပလာခဲ့ပြီးနောက် မည်သည့်အဖြေမျှထွက်မလာသောအခါ လူထုအများစုကြီးအနေဖြင့် အားမလို အားမရဖြစ်လာကြသည်။ ငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့် ဝေါဟာရ သုံးခုအား ထပ်ခါ ထပ်ခါ ကြားလာရပြီးနောက် ရောယှက်လုံးထွေးသွားသောအခါ မည်သည်ကို မည်သို့ နားလည်ရ မည်မှန်းမသိတော့။ မည်သည်က အရင်လာ၊ မည်သည်က နောက်လာ သင့်သည်ကို ခွဲခြားရန် ခက်ခဲသွားတော့သည်။ အမှားကြာ အမှန်ထင်သလို ဖြစ်လာပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရုံမျှနှင့်ြ ငိမ်းချမ်းရေးကို မုချဦးတည် တော့မည်ကဲ့သို့  ထင်မှတ်လာကြသည်။ွ့ရသည်။ ...

Read more

Posted on 30 oct 201410

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (၃) နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေကို မြန်မာ့တပ်မတော်က ချိုးဖေါက်ကျုးလွန်ခြင်း

(၁) ရှမ်းပြည်တိုးတက်ရေးပါတီ နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ ကြီးစိုးရာ ဒေသများမှ ဦးသိန်းစိန် အစိုးရ၏ တပ်များ ပြန်လည်ဆုတ်ခွာရန် ကတိပြုခဲ့သော်လည်း မဆုတ်ခွာဘဲ ထပ်မံတိုးချဲ့ချထားကြောင်း သတင်းများကို စိစစ် သောအခါ မြန်မာ့တပ်မတော်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေ အား ချိုးဖေါက်သည့် လက္ခဏာများကို တွေ့ရသည်။ ...

Read more

Posted on 01 oct 20149

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (၂) ကေအင်ယူစစ်သားတဦး သတ်ဖြတ်ခံရသည့် မှုခင်းအပေါ် ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် တောင်းဆိုခြင်း

၁။ ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) နှင့် စစ်အစိုးရတို့ ၏ အပစ်အခတ်ရပ်စဲရေး သက်တမ်း (၁၇) နှစ်အတွင်းတွင် ကချင်အရပ်သားအချို့ အပါအ၀င် ကေအိုင်အို စစ်သားများ အစုလိုက် အသတ်ခံခဲ့ကြ ရသည်။ ၂၀၀၁ ခုနှစ်တွင် ၁၁ ဦး၊ ၂၀၀၂ ခုနှစ်တွင် ၄ ဦး နှင့် ၂၀၀၇ ခုနှစ်တွင် ၆ ဦးတို့ ဖြစ် သည်။ ယင်းသတ်ဖြတ်မှုများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်...

Read more

Posted on 23 sep 20138

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (၁) ”ကြားကာလ အတွင်း သဘာဝသယံဇာတများကို စီမံခန့် ခွဲခြင်း”

၁။ ပြည်တွင်းစစ်ကြောင့် ဆယ်စုနှစ် ၆ ခုကျော် လူ့ အခွင့်အရေးချိုးဖေါက်မှုများ ပိုမိုဆိုးရွားစွာထိခိုက်ခံစားနေရသည်မှာ အဓိကအားဖြင့် တိုင်းရင်းသားပေါင်းစုံသာမန် လူထုများဖြစ်သည်။ သို့ ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြား စေသည့် ပြသနာများကို အဖြေရှာရာ၌ အဆိုပါလူထုများပါ ပါဝင်ပတ်သက်ခွင့်ရရန် အရေးကြီး ပေသည်။ အစည်း အဝေးများကို ကိုယ်တိုင်တက်ရောက်ခွင့်အားတောင်း ဆိုခြင်း မဟုတ်သော်လည်း တပြည်လုံးရှိ လူထုကြီးတရပ်လုံး လိုက်ပါစဉ်းစားနိုင်ရေးအတွက် ရှင်းလင်းသည့် သတင်းအချက်အလက်များ ထုတ် ပြန်ပေးခြင်းဖြင့် လူထု၏သိရှိခွင့်ကို ပံ့ပိုးခြင်း၊ ယင်းတို့ အပေါ်တွင် လူထုအနေဖြင့် ရေးသား၊ဖြန်..

Read more

Posted on 23 sep 20137

ငြိမ်းချမ်းရေး စစ်တမ်း (၁၀) - ကေအင်ယူဥက္ကဌ၏ အကြံပေး၊ ဗိုလ်မှုးကြီး စောထူးထူးလေး၏ ၂၀၁၄ ခုနှစ်အောက်တိုဘာ ၂၂ ရက်စွဲဖြင့် မိမိထံ အိပ်ဖွင့်ပေးစာကို ပြန်ကြားခြင်း။

ရှေးဟောင်းနှောင်းဖြစ်တချို့ ထည့်သွင်းပြီး ရေးလာတဲ့ မင်းရဲ့ အိပ်ဖွင့်ပေးစာကို ရလို့ ဝမ်းသာကြောင်း ပြောပါရ စေ။ လက်ရှိကေအင်ယူထိပ်ပိုင်းခေါင်းဆောင်တချို့ ရဲ့ နောက်ကွယ်က အဓိကလှုပ်ရှားနေသူဟာ သူငယ်ချင်းဘဲ ဆိုတဲ့ သတင်း ကြားနေတာ တော့ ကြာပါပြီ။ မင်းပေးတဲ့စာပါ အချက်တချက်အရလဲ အဲဒီသတင်း မှန်ကောင်းမှန်နိုင်မယ် လို့  ယူဆစရာရှိတယ်။ အဲဒါကတော့ ဗိုလ်ချုပ်ကြီးမြ ရှိခဲ့စဉ်တုံးက နအဖနဲ့ ဆွေးနွေးပွဲမှာ မင်းက ကေအင်ယူကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပြီး လက်ရှိကေအင်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖေါက တပ်မဟာ (၆) မှုး ဗိုလ်မှုးချုပ် အဆင့်မှာ အဖွဲ့ ဝင်အဖြစ်လိုက်ပါခဲ့ ရတယ် ဆိုတာလေ။ ကာချုပ် မင်းအောင်လှိုင် အပါအ၀င် ထိပ်သီး ဗိုလ်ချုပ်ကြီး တွေ ခုနှစ်ယောက်နဲ့  ကေအင်ယူထိပ်ပိုင်းခေါင်းဆောင် ခြောက်ယောက် ဓါတ်ပုံတွဲရိုက်ရာမှာ (ဘယ်ဘက် ခြမ်း ဒုတိယနေရာ) သူငယ်ချင်းက ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး နဲ့  လက်ခြင်းခိုင်ခိုင်တွဲထားတာလဲ သတိထားလိုက်မိ ပါရဲ့ ။ ...

Read more

Posted on 23 sep 20136

ငြိမ်းချမ်းရေး စစ်တမ်း (၉) - ကော်သူးလေတပ်မတော်သည် တကယ့်အမြောက်လား၊ သင်္ကြန် အမြောက်လား။

ကရင်လက်နက်ကိုင်တပ်များစုစည်းပြီး ကော်သူးလေ တပ်မတော်ဖွဲ့ စည်း လိုက်ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ က ကြေငြာချက်ထွက်ပေါ်လာသော အခါ ငြိမ်းချမ်းရေးကို မြှော်ကိုးလျှက်ရှိသော လူထုအတော်များများအကြားတွင် လှုပ်ခါသွားခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ မှုံရီဝိုးဝါး ငြိမ်းချမ်းရေး ရုပ်ပုံကားနောက်ခံတွင် စစ်အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများ၏ ဘတပြန် ကျားတပြန် နိုင်ငံရေး ကြောင့်ဖြစ်သည်။...

Read more

Posted on 23 sep 20135

ငြိမ်းချမ်းရေး စစ်တမ်း (၈) - ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့ စည်းရေး နဲ့  ငြိမ်းချမ်းရေး ဘယ်လို ဆက်စပ်သလဲ။

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့ စည်းရေး ကို လာမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေး ရန် သဘောတူထားခဲ့ပြီးမှ မြန်မာ့တပ်မတော်ဘက်က ပြန်လည်ဖျက်သိမ်းလိုက်ကြောင်းကြားရသည်။ စစ်အစိုးရ နှင့် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များကတိမတည်ဟု တဘက်က အဆိုးမြင်နိုင်သော်လည်း အခုရှုပ်မှ နောင်ရှင်း ဟူသည့် မြန်မာဆိုရိုးစကားရှုဒေါင့်မှ ကြည့်လျှင်မူအကောင်း မြင်နိုင်ပါမည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များပါ ပါဝင် ဖွဲ့ စည်းမည့်အခြေခံတွင် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့ စည်းရေးကို ၄င်းတို့ အနေဖြင့် အတိအကျ သဘောတူနိုင် မတူနိုင်ဟူသည့်အပေါ် ရှင်းရှင်းလင်းလင်းရှိစေရန် ဆက်လက်ဆွေးနွေးခွင့် ရမည် ဖြစ်သောကြောင့်ပင်...

Read more

Posted on 23 sep 20134

ငြိမ်းချမ်းရေး စစ်တမ်း (၇) - ကေအင်ယူ၏ ရပ်တည်မှု နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး

ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုမှ ကေအင်ယူထွက်ရေး၊ မထွက်ရေးသည် ကေအင်ယူတဖွဲ့ တည်းနှင့်သာမက ပြည်ထောင်စုတခုလုံး၏ ငြိမ်းချမ်းရေးကို တိုက်ရိုက်သက်ရောက်နိုင်သည့် ကိစ္စဖြစ်လာသည်။အဘယ်ကြောင့် ဆိုသော် ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုနှင့် ပူးပေါင်းဆောင်ရွက်ရာ၌တွေ့ ကြုံရသည့် အခက်အခဲများကိုရှင်းပြရာတွင်ကေအင်ယူ အဖွဲ့ အစည်းကြီး ဟူသည့် နောက်ခံကို ယူလျှက် ခေါင်းဆောင်တဦးစ၊ နှစ်ဦးစ၏ လွဲမှားနေသည့်ထောက်ပြချက် အချို့  ကို အခြားအဖွဲ့ အစည်းများကပါ အမှန်ဟူ၍ လိုက်ပါ စဉ်းစားမိပါက ငြိမ်းချမ်းရေးသည် ရေစုန်တွင်မျောတော့မည့် ကိန်း ဖြစ်လာသည်။ ဤသည် တို့ ကို ပြည်တွင်းအခြေအနေတခုလုံးနောက်ခံ နှင့်သာမက နိုင်ငံတကာ အခြေအနေများနှင့်ပါ ဆက်စပ်ကာ အသေးစိပ် ဆန်းစစ်ရန်လိုလာသည်။ ...

Read more

Posted on 23 sep 20133

ငြိမ်းချမ်းရေး စစ်တမ်း (၆)

ဖယ်ဒရယ်၏ အနှစ်သာရအနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သော ပြည်ထောင်စုဟူသည်အား အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ထည့်သွင်းရန်မြန်မာတပ်မတော်က လက်ခံ လိုက် ပြီ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် သတင်းများ ထွက်ပေါ် လာသည်။ ယင်းကို သုံးသပ်ရန်လိုပါမည်။ ..

Read more

Posted on 23 sep 20132

ငြိမ်းချမ်းရေး စစ်တမ်း (၅) - နိုင်ငံအမည် Burma ဆိုတဲ့ ဝေါဟာရနဲ့ ငြိမ်းချမ်းရေး ဘယ်လိုဆက်စပ်နေသလဲ။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီ နိုင်ငံခရီးစဉ်အတွင်း မိမိတို့ နိုင်ငံ၏ အမည်အား အင်္ဂလိပ်ဘာသာ ဖြင့် Burma ဟူ၍သာ သူမက ဘာကြောင့်ခေါ်ဝေါ်ရခြင်းဖြစ်ကြောင်း ရှင်းပြချက်အရသူမကိုယ်တိုင်တစုံတရာ စတင် ပြောင်း လဲလာပြီလားဟု မြှော်မှန်းသူများရှိလာသည်။ သေချာသည်မှာ နိုင်ငံအမည် Burma သုံးစွဲခြင်းအား မဟာမြန်မာလူမျိုး ကြီး ၀ါဒကို ကျင့်သုံးလျှက်ရှိသော စစ်ခေါင်းဆောင် ဟောင်း သစ်များက မကြိုက်။ မကြိုက်မှန်းလဲ သူမကိုယ်တိုင် ကောင်းစွာ သိသည်။ ၂၀၁၂ ခုနှစ် ဇွန်လ (၁) ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲကော်မရှင်က စာထုတ်ကာ နိုင်ငံအမည် အား Myanmar ဟူ၍သာသုံးရန် သူမကိုသတိပေးခဲ့ပြီး ဖြစ်သောကြောင့်ပင်။ ဤသည်ကိုသိသိကြီး နှင့် သူမသည် အဘယ်ကြောင့် ယခုမှ Burma ကို ပြန်လည်ဖေါ်ထုတ်နေသနည်း၊ ယင်းသို့ ဖေါ်ထုတ်မှုသည် ငြိမ်းချမ်းရေးပြသနာ နှင့် မည်သို့ ဆက်စပ်သနည်း၊ သူမ၏ နိုင်ငံရေးမဟာဗျူဟာပြန်ပြောင်းရန်သွေးတိုး စမ်း သည့် အရိပ်လက္ခဏာဖြစ်သလား၊ ယင်းအတွက် နောက်ခံအခြေအနေများသည် အဘယ်နည်း၊ အစရှိသဖြင့် သုံးသပ်ဘွယ် အချို့ ရှိလာသည်။ ..

Read more

Posted on 12 apr 20141

ငြိမ်းချမ်းရေး စစ်တမ်း (၄)

၁။ ၂၀၁၄ ခုနှစ် ဧပြီလ ၅ မှ ၈ ရက်နေ့ အထိ ရန်ကုန်တွင် အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား တော်လှန် ရေး အဖွဲ့ အစည်းများအကြား အပစ်ရပ်ရေးဆွေးနွေးပွဲသည် မူပိုင်းဆိုင်ရာအရ သဘောတူညီချက် အတိအကျ မရဘဲ ရွှေ့ ဆိုင်းလိုက်ရသည်။ ယင်းဆွေးနွေးပွဲမှာ ဘာတေးလ်လစ်တနာပြောသလို နွားရှေ့ ထွန်ကျူး ဖြစ်နေသည်။ နိုင်ငံရေး ဆွေးနွေးပွဲများအရင်ကျင်းပကာ သဘောတူညီချက်ရအောင်ယူရမည့်အစား အပစ်အခတ်ရပ်စဲရေး သက်သက်ကိုသာ အရင် ဦးစွာလက်မှတ်ထိုးရပြန်ဦးတော့မည်လား၊ ၁၉၈၉ မေလက စတင်လုပ်ခဲ့သလိုမျိုးထပ်လုပ် ရပြီး နောက်ထပ် နှစ်ပေါင်း ၂၅ နှစ်ကြာ ဆိုးသွမ်းသံသရာ ပြန်လည်ဦးတော့ မည်လား စိုးရိမ်ဘွယ် ရှိလာသည် ...

Read more

Page 1 of 2 1 2 »

Image Gallery

Services Overview

Curabitur sed urna id nunc pulvinar semper. Nunc sit amet tortor sit amet lacus sagittis posuere cursus vitae nunc.Etiam venenatis, turpis at eleifend porta, nisl nulla bibendum justo.

Contact Us

Mrs. Naw Ku Ku
In-charge for Public Relation, Legal Aid Network
Telephone: (46) (0) 73 841 1632
E-mail: legalaidnetwork@gmail.com

Contact Languages: English, Thai, Karen and Burmese
This template downloaded form free website templates